
在手机上保存,获得更好体验
နှလုံးသားထဲကအချစ်အိမ်မက်တွေ
နင်သိဖို့ပြောပြပါရစေ
သူငယ်ချင်းထက်ပိုသော
အကြင်နာသံယောဇဉ်တွေ
အမြဲတမ်းပဲငါဟာပေးဆပ်ခဲ့သူ
နင့်အတွက်ဆိုအရာရာ
အားလုံးပြည့်စေသူ
နင့်ရဲ့အနားမှာအရိပ်အဖြစ်ရှိနေမယ့်သူ
မျှော်လင့်ထားတဲ့အချစ်တွေဘယ်တော့များမှ
ငါ့အတွက်ဖြစ်လာမလဲ
နင့်သဘောအတိုင်းပဲ
ငါသူငယ်ချင်းအဖြစ်ဆက်လို့ချစ်နေမယ်
တကယ်ကိုချစ်လျက်နဲ့
နင်ဟန်ဆောင်ထားတဲ့အပြုံးများစွာနဲ့
သူငယ်ချင်း…… သူငယ်ချင်း…… သူငယ်ချင်း………
ဖွင့်မပြောရဲတဲ့ ဝန်မခံရဲတဲ့
ဒီစိတ်ကတို့နှစ်ယောက်လုံးကို
ဒီလိုပိုင်းခြားထား အချစ်ရည်းစားဘဝကို
ရှေ့ဆက်ဖို့ဝန်လေးလို့
ငါလည်းချစ်နေတယ် နင်လည်းချစ်မှာပါ
ခက်တော့ခက်နေပြီ တို့နှစ်ဦးသား
ခြားနားတဲ့အချစ်ကြောင့် ငါတို့ ဆုံဖြစ်ခဲ့ကြသော်
သူငယ်ချင်းလိုခင်မင်မှုကို
ငါ့ဘက်ကအရောင်တွေဆိုးချင်
ဟိုးအရင်ကတည်းကဖွင့်ပြောလည်း
နင့်ဖက်ကသူငယ်ချင်းအဆင့်ထက်မတိုးချင်
မနက်မိုးလင်း
ငါ့ Phone Screen ပေါ်မှာ နင့်ရဲ့အပြုံးကို
ကြည့်ရင်းအတူတူနိုးချင်
ကိုယ့်ရင်ခွင်ထက်မှာ
နင့်အတွက်ပန်းများခင်းရင်းပြင်ဆင်တမ်းတ
မကြိုက်ဖူးပြောတဲ့နင့်ရဲ့ဘဲကို
နင်အရင်ဖြတ်ဟာ
အခုဝင်လာမသက်သာ
တစ်သက်စာခက်လာ ရက်များဆက်လာ
မျှော်လင့်ချက်တွေ ရှင်သန်လို့
ကျောင်းသွားကျောင်းပြန်
ဗြောင်းဆန်အောင်ငါတို့ပျော်ခဲ့ကြလည်း
အခုတော့အားလုံးဟောင်းနွမ်း
ကျောင်းလမ်းထက်မှာ
နင့်ရဲ့ ပါးပြင်ကိုအနမ်းတစ်ပွင့်ခိုးခြွေ
တို့တစ်တွေမိုးတွေသည်းလည်း
တစ်ချို့တွေကဲကဲ
ကိုယ့်အနေနဲ့လည်း မိုးရေထဲဝယ်
မင်းလက်ကလေးကိုကိုင်ချင်ခဲ့
မင်းနဲ့ချစ်သူလို သက်ဆိုင်ချင်တယ်
ပိုင်ချင်ခဲ့အဲ့ဒီ Barbie ရုပ်လေးရယ်
သံယောဇဉ်ကြိုးတွေနဲ့ရစ်နွယ်ထား
ပစ်ပယ်မရတဲ့ သူငယ်ချင်းနင်လည်းငါ့ကို
ချစ်တယ်မလား
သိတယ်မထားပဲ
အမြစ်တွယ်ထားတဲ့ သူငယ်ချင်းသံယောဇဉ်နဲ့
အဲ့ကိစ္စနဲ့ပါတ်သတ်ပြီး
ငါလည်းနင့်ကိုအရမ်းကို ချစ်တယ်တအား
(ဟား…ဟား… နင့်ကအရမ်းကို ချစ်ဖို့ကောင်းတာပဲဟာ……)
ဖွင့်မပြောရဲတဲ့ ဝန်မခံရဲတဲ့
ဒီစိတ်ကတို့နှစ်ယောက်လုံးကို
ဒီလိုပိုင်းခြားထား
အချစ်ရည်းစားဘဝကို
ရှေ့ဆက်ဖို့ဝန်လေးလို့
ငါလည်းချစ်နေတယ် နင်လည်းချစ်မှာပါ
ခက်တော့ခက်နေပြီ
တို့နှစ်ဦးသားခြားနားတဲ့အချစ်ကြောင့်
ငါတို့ဆုံဖြစ်ခဲ့ကြတော့
ဖွင့်မပြောရဲတဲ့ ဝန်မခံရဲတဲ့
ဒီစိတ်ကတို့နှစ်ယောက်လုံးကို
ဒီလိုပိုင်းခြားထား အချစ်ရည်းစားဘဝကို
ရှေ့ဆက်ဖို့ဝန်လေးလို့
ငါလည်းချစ်နေတယ် နင်လည်းချစ်မှာပါ
ခက်တော့ခက်နေပြီ တို့နှစ်ဦးသား
ခြားနားတဲ့အချစ်ကြောင့် ငါတို့ ဆုံဖြစ်ခဲ့ကြတော့