Ayinlubarbe-Lay Phyu

Ayinlubarbe

歌手:Lay Phyu

时间:2010-08-11

    使用手机浏览器「扫一扫」

    在手机上保存,获得更好体验

标签
猜你喜欢的歌曲
歌词

စိတ်ကူးပေါက်ရာ လျှောက်တွေးရင်

ငါ အိမ်ပြတင်းပေါက်ကို မှီထားရင်

အပြင်ဘက်ခဏ ဟိုဒီငေးကြည့်တော့

လေယာဉ်များလည်း အို ပျံသန်းဆဲပါ

အရိပ်များလည်း အို ရှုပ်ထွေးဆဲ

လူပုံများလည်း ဟိုအရင်တိုင်းပဲပေါ့

ဒီကမ္ဘာမှာ ငါ့အတွက်သာ

ထင်မှတ်သမျှဟာ

နောက်ဆုံးမှာ သူ့အလိုတိုင်းပါ

လွှင့်ပြယ်ပျောက်ကာသွားရင်း

ဒီကမ္ဘာမှာ ငါ့အတွက်သာ

မျှော်လင့်သမျှဟာ

နောက်ဆုံးမှာ လွှင့်ပြယ် ပျောက်ကာ

သူ့အလိုတိုင်း အို ခရီးဆက်နေဆဲပါ

အရင်လိုပါပဲ. . . . .

အရင်လိုပါပဲ. . . . .

အလိုလို ဒီအတိုင်း ဘဝထက်မှာ

ဒီအတိုင်းမျောဆဲပါ

နောက်ဆုံးမှာ သူ့အလိုတိုင်းပါ

လွှင့်ပြယ်ပျောက်ကာသွားရင်း

အရင်လိုပဲ. . . . .

အရင်လိုပါပဲ. . . . .

အလိုလို ဒီအတိုင်း ဘဝထက်မှာ

ဒီအတိုင်းမျောဆဲပါ

နောက်ဆုံးမှာ လွှင့်ပြယ်ပျောက်ကာ သူ့အလိုတိုင်း အို ခရီးဆက်နေဆဲပါ

နေ့ခင်းဘက်မှာ နေမင်းကြီးဟာ

စိတ်ကူးတည့်ရာ ပူလောင်ကောင်းဆဲ

ငှက်များလည်းလေ ပျံသန်းဆဲပေါ့

အပေါ်မော့ကြည့်တော့ တိမ်တိုက်များလည်းလေ

ဖြူသွားလိုက် ပြာနှမ်းသွားလိုက်

အို ပြန်ကြည့်တော့ အို မှောင်မည်းသွားလိုက်

ဒီကမ္ဘာမှာ ငါ့အတွက်သာ

ထင်မှတ်သမျှဟာ

နောက်ဆုံးမှာ သူ့အလိုတိုင်းပါ

လွှင့်ပြယ်ပျောက်ကာသွားရင်း

ဒီကမ္ဘာမှာ ငါ့အတွက်သာ

မျှော်လင့်သမျှဟာ

နောက်ဆုံးမှာ လွှင့်ပြယ် ပျောက်ကာ

သူ့အလိုတိုင်း အို ခရီးဆက်နေဆဲပါ

အရင်လိုပါပဲ. . . . .

အရင်လိုပါပဲ. . . . .

အလိုလို ဒီအတိုင်း ဘဝထက်မှာ

ဒီအတိုင်းမျောဆဲပါ

နောက်ဆုံးမှာ သူ့အလိုတိုင်းပါ

လွှင့်ပြယ်ပျောက်ကာသွားရင်း

အရင်လိုပဲ. . . . .

အရင်လိုပါပဲ. . . . .

အလိုလို ဒီအတိုင်း ဘဝထက်မှာ

ဒီအတိုင်းမျောဆဲပါ

နောက်ဆုံးမှာ လွှင့်ပြယ်ပျောက်ကာ သူ့အလိုတိုင်း အို ခရီးဆက်နေဆဲပါ

展开显示全部歌词