
时间:2021-12-06
在手机上保存,获得更好体验
ပျော်ချင်တိုင်းလည်း မပျော်ရပါ
ချစ်မိသူတိုင်းလည်း ချစ်ခြင်းမခံခဲ့ရပါ
မသိသေးတဲ့ဒီလောကရဲ့အထာ
အချစ်ဆိုတာ လျှို့ဝှက်ချက်တစ်ခုပါ
နေသာခိုက်မှာ မြင်လို့လေ
တွေ့တဲ့အခါတိုင်းလည်း မိုးမအုံ့ပါဘူး မပြောသာ
ခန့်မှန်းလို့မရကောင်းတဲ့ အခြင်းအရာ
အချစ်ဆိုတာ လျှို့ဝှက်ချက်တစ်ခုပါ
အပြုံးနဲ့ယှဉ်တွဲနွှဲခဲ့ဖူးတာလည်း အခါခါ
နောက်ဆုံးတော့အငိုသာကျန်မြဲပါ
ကိုယ့်အတွက်မှာတော့ အချစ်ဆိုတာဟာလေ
ထာဝစဉ် ပေးဆပ်ရခြင်းပါ
ယုံကြည်လွန်းတဲ့ ဒီအချစ်မှာ
ဘဝတစ်ခုကို ရင်းနှီး မီးနဲ့ရေနဲ့ ကစားလာ
အနိုင်အရှုံးတော့ ကိုယ်လည်းမသိသေးပါ
အချစ်ဆိုတာ လျှို့ဝှက်ချက်တစ်ခုပါ
ပျော်ချင်တိုင်းလည်း မပျော်ရပါ
ချစ်မိသူတိုင်းလည်း ချစ်ခြင်းမခံခဲ့ရပါ
မသိသေးတဲ့ဒီလောကရဲ့အထာ
အချစ်ဆိုတာ လျှို့ဝှက်ချက်တစ်ခုပါ
နေသာခိုက်မှာ မြင်လို့လေ
တွေ့တဲ့အခါတိုင်းလည်း မိုးမအုံ့ပါဘူး မပြောသာ
ခန့်မှန်းလို့မရကောင်းတဲ့ အခြင်းအရာ
အချစ်ဆိုတာ လျှို့ဝှက်ချက်တစ်ခုပါ
အပြုံးနဲ့ယှဉ်တွဲနွှဲခဲ့ဖူးတာလည်း အခါခါ
နောက်ဆုံးတော့အငိုသာကျန်မြဲပါ
ကိုယ့်အတွက်မှာတော့ အချစ်ဆိုတာဟာလေ
ထာဝစဉ် ပေးဆပ်ရခြင်းပါ
ယုံကြည်လွန်းတဲ့ ဒီအချစ်မှာ
ဘဝတစ်ခုကို ရင်းနှီး မီးနဲ့ရေနဲ့ ကစားလာ
အနိုင်အရှုံးတော့ ကိုယ်လည်းမသိသေးပါ
အချစ်ဆိုတာ လျှို့ဝှက်ချက်တစ်ခုပါ