在手机上保存,获得更好体验
မောင်ရေမောင်ရေ လာပါတော့လို့ အခါခါမော့လို့ မျှော်ရပါတယ်
လာချင်ပါတယ် ချစ်သူလေးရဲ့ မင်းနဲ့ဝေးတော့မောင်ဆွေးရတယ်
မောင်ရေမောင်ရေ အသစ်ကိုတွေ့လို့ အချစ်ကိုမေ့ဖို့ ရှောင်ပုန်းသလားလေ
မေရယ်မေရယ် ဒါတွေမတွေးနဲ့ သစ္စာပေးလို့ ကျိန်ခိုင်းဦးကွယ်
ကွယ်ရာမှာလေ မျက်နှာများသတဲ့ တွေ့သူများက လာပြောကြတယ်
မနာလိုသူတွေ ပြောတဲ့စကားနဲ့ အချစ်အထင်မမှားနဲ့ ယုံစမ်းအချစ်ရေ
မောင်နဲ့မောင်နဲ့တွေ့ချင်ပြီ
ဘယ်များဘယ်များရောက်နေသည်
မလွမ်းပိုလေးရှိရာဆီ မောင်အခုလာတွေ့လှည့်ပါမည်
ချစ်တာတွေပြောပြမည် မောင်လာခဲ့မည်
ကြားလေတွေသွေးသွားမှာ မောင်တကယ်စိုးသည်
ချစ်သူတွေကွဲသွားတာ မေတွေ့ဖူးသည်
အလွမ်းပိုတာမတားနဲ့မောင် မေစိတ်ဆိုးသည်
ချစ်တာရှိရင် လွမ်းတာလည်းရှိမည်
မောင်ပြန်လာပြီ. မလွမ်းပိုလေးရှိရာဆီ